• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီဝင်တို့သည် တရုတ် တံခါးဖွင့်ပြုပြင်ပြောင်းလဲရေး နှစ် ၄၀ အထိမ်းအမှတ်ပြပွဲသွားရောက်ကြည့်ရှု

(GMT+08:00) 2018-11-21 14:57:29

ယခုလ ၂၀ ရက်နေ့က ပီကင်းရှိ ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီဝင် ၅၀၀ ကျော်တို့သည် အမျိုးသားပြတိုက်သို့ဝင် ရောက်ပြီး တွင်ကျင်းပသော"ကြီးမားသောပြောင်းလဲမှု-တံခါးဖွင့်ပြုပြင်ပြောင်းလဲရေး နှစ် ၄၀ အထိမ်းအမှတ်ပြပွဲ"ကို ကြည့်ရှုကြကြောင်း၊ ကော်မတီဝင်တို့သည် တံခါးဖွင့်ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်၏ပါဝင်ဆောင်ရွက်သူအဖြစ် မူလူသဘောကိုမှတ်ထားကာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးကိုအဆက်မပြတ် နက်ရှုင်းစေရန် ဆက်လက်တွန်းအားပေးမည်ဟုပြောကြားခဲ့ကြောင်း စီအာအိုင်သတင်း အရ သိရပါ သည်။

ထို့သို့ကြည့်ရှုရာတွင် ကော်မတီဝင်တို့သည် ခေတ္တရပ်နားကြည့်ရှုပြီးနှီးနှော ဆွေး နွေးကြကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီဝင် ၊တရုတ်သိပ္ပံပညာအကယ်ဒမီအသင်းဖွံဖြိုးရေးမဟာဗျူဟာအတိုင်ပင်ခံသုတေသနဌာဒုဌာနမှူး ဖန်ကျယ်သည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏နှစ် ၁၀၀ ကျော်ကြာမြို့ပြဖြစ်ထွန်းမှုဖြစ်စဉ်ကို တရုတ်နိုင်ငံကတော့ နှစ် ၃၀ ပင်သုံးပြီးအောင်မြင်စွာဆောင်ရွက် ပြီးမြောက်ခဲ့ကြောင်း ပြောကြားခဲ့သည်

   Webradio