• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ထွန်းသစ် စစီးပွားရေးအုပ်စုများဖိုရမ် ကျင်းပ

(GMT+08:00) 2018-11-20 15:18:08

    "ထွန်းသစ်စ စီးပွားရေးအုပ်စုများ သုတေသနအသင်း ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးနှင့် ၂၀၁၈ ထွန်းသစ်စစီးပွားရေးအုပ်စုများဖိုရမ်"ကို ယခုလ ၁၇ ရက်နေ့ က တရုတ်ပြည် ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်မှာ "လူသားတို့၏ ကံကြမ္မာအသိုက်အဝန်း"ဖြစ်ပြီး၊ ပြည်တွင်း တက္ကသိုလ် ၄၀ ကျော်၊ သုတေသနအဖွဲ့အစည်းနှင့် လုပ်ငန်းကုမ္ပဏီများမှ ကျွမ်းကျင်သူ၊ ပညာရှင်၊ လုပ်ငန်းရှင်နှင့် အစိုးရအရာရှိကိုယ်စားလှယ်၂၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်က ဖော်ပြ သည်။

ထွန်းသစ်စ စီးပွားရေးအုပ်စုများ သုတေသနအသင်း ဥက္ကဋ္ဌ၊ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးသုတေသနဌာန ဌာနမှူးကျန်းယွီယန့်က၊ တရုတ်ပြည်ဖွံ့ဖြိုးလာသည်နှင့်အညီ၊ ကမ္ဘာ့စီမံအုပ်ချုပ်ရေးနယ်ပယ်၌ လုပ်စရာများစွာရှိကြောင်း၊ တရုတ်ပြည် အနေနှင့်၊ ပါဝင်သူဖြစ်ရုံသာမက၊ ဦးဆောင်သူနှင့် စွမ်းဆောင်မှုပြုသူလည်းဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio