• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေးထိပ်သီးများအစည်းအဝေး၌ မိန့်ခွန်း ထုတ်ပြန်

(GMT+08:00) 2018-11-17 17:21:51

      ၂၀၁၈ အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေးထိပ်သီးများအစည်းအဝေးကို ယခုလ ၁၇ ရက်နေ့က မော်ဇ်ဘီ ဆိပ်ကမ်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ အစည်းအဝေးတက်ရောက်ပြီး၊ မိန့်ခွန်းထုန်ပြန်ခဲ့ရာ၌၊ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု မှန်ကန်သော ဦးတည်ချက်စွဲကိုင်ပြီး၊ နိုင်ငံတကာမိသားစုကြီးအား ထိရောက်သော စီမံအုပ်ချုပ်ရေး     တွေးရေစီးကြောင်းရှာကြံရန်အတွက် တရုတ်ပြည်မှ ခံယူချက်များကို တင်ပြခဲ့သည်။

ယခုအကြိမ် စက်မှုကုန်သွယ်ရေးထိပ်သီးများအစည်းအဝေး၏ အဓိက ဆောင်ပုဒ်မှာ အပြောင်းလဲကြီးပြောင်းလဲနေသည့် "ခေတ်ကာလတွင် သက်ညှာထောက်ထားမှု အားဖြည့် ပြုလုပ်ပြီး၊ အနာဂတ်ကို အတူစီမံခန့်ခွဲကြ" ဟူ၍ ဖြစ်သည်။

ထိုသို့မိန့်ခွန်းထုတ်ပြန်ခဲ့ရာ၌ ၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ နိုင်ငံတကာ မိသားစုကြီးအတွက် ထိရောက်သော စီမံခန့်ခွဲရေးနည်းလမ်းရှာကြံရာ၌ ၊ ခံယူချက် ၅ ချက် တင်ပြလိုကြောင်း ပြောကြားခဲ့သည်။ ယင်းခံယူချက် ၅ ချက်မှာ၊ ပထမအချက်က တံခါးဖွင့်ရေးဦးတည်ချက်ကို စွဲကိုင်ကျင့်သုံးပြီး၊ ဖွံ့ဖြိုးရေးကို တိုးချဲ့ဆောင်ရွက်ခြင်း၊ ဒုတိယအချက်က ဖွံ့ဖြိုးရေး ဦးတည်ချက်ကို စွဲကိုင်ကျင့်သုံးပြီး၊ ပြည်သူများ၏ ချမ်းသာသုခကို တိုးပွားစေခြင်း၊ တတိယ အချက်က သက်ညှာထောက်ထားမှုဦးတည်ချက်ကို စွဲကိုင်ပြီး၊ အပြန်အလှန်ရောနှော ပေါင်းစပ်မှုနှင့် အတုယူလေ့လာမှုကို အားဖြည့်ဆောင်ရွက်ခြင်း၊ စတုတ္ထအချက်က ဆန်းသစ်တီထွင်မှုဦးတည်ချက်ကို စွဲကိုင်ပြီး၊ တိုးတက်မှုအရင်းအမြစ်ကို ချဲ့ထွင်စေခြင်း၊ ပဉ္စမအချက်ကတော့၊ စည်းကမ်း ဥပဒေဦးတည်ချက်ကို စွဲကိုင်ပြီး၊ ကမ္ဘာ့စီမံအုပ်ချုပ်ရေးကို ပြီးပြည့်စုံစေခြင်းတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ကမ္ဘာ့စီးပွားရေး စီမံအုပ်ချုပ်မှု စည်းစနစ်အနေနှင့်၊ တရားမျှတပြီးထိရောက်မှုရှိချင်ပါက၊ ခေတ်ကာလ၏ ရေစီးကြောင်းကို လိုက်လျောညီထွေ သင့်ကြောင်း ၊ ကျွန်တော်တို့အနေနှင့်၊ အတူတိုင်ပင်ဆွေးနွေးရေး၊ အတူတည်ဆောက်ရေး နှင့် အတူမျှဝေခံစားရေးတို့ကို လက်ခံကျင့်သုံးပြီး၊ ကမ္ဘာ့စီးပွားရေးစီမံအုပ်ချုပ်ရေးစည်းစနစ် ပြောင်းလဲစေရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio