• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပင်​ပေါင်​ဘော သံတမန်ရေးသည်၊ တရုတ်-ပါပူဝါနယူးဂီနီ ကူးလူးဖလှယ်ရေး အားပေး

(GMT+08:00) 2018-11-17 14:35:28

      ပါပူဝါနယူးဂီနီနိုင်ငံ၌ ကျင်းပနေသော ၂၀၁၈ အေပက်အဖွဲ့ အစည်းအဝေးများကို တစ်ကမ္ဘာလုံးမှ အာရုံစိုက်ကြသည်။ ပါပူဝါနယူးဂီနီပြည်သူများသည်၊ အားကစားလှုပ်ရှာမှု များကို ချစ်မြတ်နိုးပြီး၊ အထူးသဖြင့် တရုတ်လူမျိုးများ အလွန်ကျွမ်းကျင်ကြသည့် ပင်ပေါင်ဘောကို အင်မတန်နှစ်သက်ကြသည်။

ယခုလ ၁၆ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ တရုတ်ပြည်မှ ကူညီထောက်ပံ့ပြီး တည်ဆောက်ထားသော ဘူတူကာစာသင်ကျောင်း ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ပြီး၊ ပါပူဝါနယူးဂီနီဝန်ကြီးချုပ် အော်နီလ်နှင့်အတူ၊ ကမ္ဘာ့ချန်ပီယဟောင်း တရုတ်အမျိုးသမီးပင်ပေါင်လက်ရွေးစင် ကျန်းယိနင်နှင့် ဒေသခံအားကစားသမားများ အကြား ပင်ပေါင်ကစားနည်းဆိုင်ရာ ကူးလူးဖလှယ်မှုကို ကြည်ရှုခဲ့ကြသည်ဟု သတင်းအရ သိရသည်။

   Webradio