• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပစိဖိတ်ကျွန်းနိုင်ငံများ နိုင်ငံတကာ နိုင်ငံရေး ရေဒါ တက်လာအောင် တရုတ် ကူညီ

(GMT+08:00) 2018-11-17 10:47:30

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ဒီလ ၁၆ ရက်နေ့က ပါပူဝါနယူးဂီနီနိုင်ငံ မော်င်္ဇဘီ ဆိပ်ကမ်းမြို့မှာ တရုတ်နဲ့ သံအဆက်အသွယ် ထားရှိတဲ့ ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနဲ့ စုပေါင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး၊ တရုတ်နဲ့ ပစိဖိတ် ကျွန်းနိုင်ငံများ ဆက်ဆံမှု နက်ရှို်င်းရေးနဲ့ ပတ်သက်ပြီး အမြင်ချင်းများကို ဖလှယ်ခဲ့ကြပါတယ်။ ရှီကျင့်ဖိန်ဟာ အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းအောင် ဆောင်ရွက်ဖို့၊ အကျိုးတူ စည်ပင် သာယာဖို့၊ ချစ်ကြည်ရေး တိုးမြှင့်ဖို့နဲ့ တရားမျှတမှုကို အပြန်အလှန် ထောက်ပံ့ကူညီပြီး ထိန်းသိမ်းကာကွယ်ဖို့ အပါအဝင် အဆိုပြုချက် လေးရပ်ကို တင်ပြပြီး တရုတ်နဲ့ ပစိဖိတ် ကျွန်းနိုင်ငံများ ဆက်ဆံမှု ခေတ်သစ်ကို ဖွင့်လှစ်ထားပါတယ်။

နိုင်ငံ ကြီးတာ ဖြစ်ဖြစ် ငယ်တာ ဖြစ်ဖြစ် အားလုံး တန်းတူရည်တူ ဖြစ်ခြင်းနဲ့ ကျွန်းနိုင်ငံများရဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းကို ကိုယ့်ဆန္ဒအလျောက် ရွေးချယ်ပိုင်ခွင့်ကို လေးစားခြင်းမူကို အခြေခံပြီး တရုတ်နိုင်ငံဟာ ပစိဖိတ်ကျွန်းနိုင်ငံများအား နိုင်ငံရေး ခြွင်းချက် မပါဘဲနဲ့ စိတ်ရင်းစေတနာနဲ့ တတ်နိုင်သလောက် ထောက်ပံ့ကူညီ ပေးနေခဲ့တယ်။ အမေရိကန် မီဒီယာများမှာ၊ အခု မော်ဇ်ဘီ ဆိပ်ကမ်းမြို့မှာ နေရာတကာ တရုတ်ပြည်ရဲ့ အမှတ်အသား လက္ခဏာတွေ ဖြစ်ပြီး အဲဒါတွေထဲမှာ တရုတ်ပြည် အကူအညီ ဆောက်လုပ်ပေးတဲ့ ကားလမ်းများ၊ နိုင်ငံတကာ အစည်းအဝေး စင်တာ၊ ဘတ်စကားဘူတာ စတာတွေ ပါဝင်ထားတယ်လို့ သတင်း ရေးသားဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ စိတ်ရင်းစေတနာနဲ့ ထောက်ပံ့ကူညီမှု အပေါ် တစ်ချို့ အနောက်နိုင်ငံများက စိုးရိမ်မကင်း ဖြစ်နေကြတယ်။ သူတို့ဟာ တောင်ပစိဖိတ်ဒေသမှာ သြဇာညောင်းမှု ဆုံးရှုံးမှာ စိုးရိမ်နေသဖြင့် ဒါနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကို အကြိမ်ကြိမ် အပြစ်တင်ခဲ့တယ်။ တောင်ပစိဖိတ်ကျွန်းနိုင်ငံများက အဲဒီ အပြစ်တင်မှု အပေါ် ဒေါထ နေကြပါတယ်။ ဆာမိုအာ နိုင်ငံ ဝန်ကြီးချုပ်က၊ အဲဒီလို ပြစ်တင် ပြောဆိုခြင်းဟာ ပစိဖိတ် ကျွန်းနိုင်ငံ ခေါင်းဆောင်များအား စော်ကားရာ ကျတယ်လို့ တည်ကြည်လေးနက်စွာ ဆိုခဲ့တယ်။ တိုဂို နိုင်ငံ တရားရေး ဝန်ကြီးဌာန ဝန်ကြီးကလည်း၊ ဆင်းရဲပြီး အကူအညီများ အရေးတကြီး လိုအပ်တဲ့ ပစိဖိတ်ကျွန်းနိုင်ငံများကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီမှုကို ပြစ်တင်ခြင်း အပေါ် ဝမ်းနည်းမိတယ်လို့ ပြောခဲ့တယ်။

အနောက်နိုင်ငံများက တရုတ်ပြည်ရဲ့ သြဇာညောင်းမှုကို လျှော့ချနိုင်ဖို့အတွက် တရုတ်ပြည် နည်းတူ တောင်ပစိဖိတ်ကျွန်းနိုင်ငံများမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ထောက်ပံ့ကူညီမှုကို တိုးဖြည့် ဆောင်ရွက်နေပါတယ်။ အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး အတောအတွင်း အမေရိကန် ဒုသမ္မတ ပင့်စ်ဟာ အာရှ ပစိဖိတ်ဒေသအား အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ကို ထောက်ပံ့ကူညီမယ်လို့ ဆိုခဲ့ပါတယ်။

တကယ် ဆိုတော့ တရုတ်နိုင်ငံဟာ အနောက်နိုင်ငံများရဲ့ အဲဒီ ထောက်ပံ့ကူညီမှု အပေါ် စိုးရိမ်ခြင်း မရှိဘဲ၊ တကယ်လို့ အနောက်နိုင်ငံများရဲ့ ထောက်ပံ့ကူညီမှုများကို လက်တွေ့ ဖေါ်ဆောင်နိုင်ပါက တောင်ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ တွန်းအားပေးနိုင်မယ်။ ဒါပေမယ့် တစ်ခုခု ပြောချင်တာကတော့၊ ပါပူဝါနယူးဂီနီ လွှတ်တော်မှ အရာရှိ တစ်ဦးက၊ ပါပူဝါနယူးဂီနီဟာ နိုင်ငံငယ် ဖြစ်ပြီး စီးပွါးရေး အတိုင်းအတာ လွန်စွာ နည်းပါတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတကာ နိုင်ငံရေး ရေဒါ ရဲ ဘောင်ထဲမှာ ရှိတာ လုံးဝ မဟုတ်ဘူး။ တရုတ်ပြည်ရဲ့ ထောက်ခံမှုနဲ့ တရုတ်ပြည်နဲ့ ဆက်ဆံမှုဟာ အဲဒီလို အခြေအနေကို ပြောင်းလဲစေတာ ဖြစ်ပြီး ပါမူဝါနယူးဂီနီဟာ နိုင်ငံတကာရဲ့ ရေဒါ ထဲသို့ တက်သွားပြီလို့ ပြောကြားခဲ့ပါတယ်။

အနောက်နိုင်ငံများနဲ့ နှိုင်းယှဉ်ပါက၊ တရုတ်နိုင်ငံက တောင်ပစိဖိတ် ကျွန်းနိုင်ငံများ အား ထောက်ပံ့ကူညီမှုဟာ နှစ်ဖက် ဆက်ဆံမှုရဲ့ ကဏ္ဍ မျိုးစုံအထိ နက်ရှိုင်းတာ ဖြစ်တယ်။ ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များကလည်း တရုတ်နိုင်ငံဟာ ပစိဖိတ် ကျွန်းနိုင်ငံများ ဖွံ့ဖြိုးရေး မျှော်မှန်းချက် ဖေါ်ဆောင်ရေး၊ ပြည်သူပြည်သားများရဲ့ သုခချမ်းသာမှုများ တိုးမြင့်ရေးနဲ့ နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ အရေးကြီး မိတ်ဖက် ဖြစ်တယ်လို့ ဖေါ်ပြကြပါတယ်။

   Webradio