• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ၂၁ ကြိမ်မြောက် အာဆီယံအဖွဲ့နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်

(GMT+08:00) 2018-11-16 14:04:36

        ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ၌ ၂၁ ကြိမ်မြောက် အာဆီယံအဖွဲ့နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၊ တောင်ကိုရီးယားသမ္မတ မူဂျေအင်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့လည်း တက်ရောက်ပြီး စင်ကာပူဝန်ကြီးချုပ် လီရှိန်လွန်းသည် ယင်းအစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။

        ဝန်ကြီးချုပ် လီခေ့ချန်က ယင်းအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ရာ အာရှတိုက်နှင့် နိုင်ငံတကာ ငွေကြေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းခဲ့ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားတို့သည် သော့ချက်ကျသော အခန်းကဏ္ဍမှ အကျိုးဆောင်ပေးခဲ့ကြောင်း၊ မျက်မှောက်အချိန်တွင် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ဦးမော့လာသည့် အချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားတို့သည် နိုင်ငံစုံဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ဆက်လက်  ဦးလည်မသုန် ထောက်ခံရမည်ဖြစ်ကြောင်း ပြောကြားသည်။

        အနာဂတ် အာဆီယံအဖွဲ့နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး လီခေ့ချန်က အရှေ့အာရစီးပွားရေး တပြေးညီဖြစ်စဉ် တည်ဆောက်ရေးကို တွန်းအားပေးရန်၊ ငွေကြေးလုံခြုံမှု မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ သက်ညှာထောက်ထားသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်နှင့် ယဉ်ကျေးမှု ဆက်သွယ်ရေးကို ပိုမို ရင်းနှီးစေရန် အကြုံပြု တိုက်တွန်းခဲ့သည်။

   Webradio