• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံ

(GMT+08:00) 2018-11-16 10:34:21

ဒေသစံတော်ချိန်ယခုလ ၁၅ ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူအစည်းအဝေးစင်တာ၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံရာတွင် လီခေ့ချန်က ရှေးဦးစွာ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ သမ္မတပူတင်အား နှုတ်ခွန်းဆက်သမှုကို တဆင့်ပြောကြားခဲ့ပါသည်။ လီခေ့ချန်က ယခုနှစ်အတွင်း နှစ်နိုင်ငံအကြီးအကဲတို့သည် အကြိမ်ပေါင်းများစွာ အောင်မြင်စွာ တွေ့ဆုံခဲ့ပြီး သဘောတူညီချက်သစ်များ ရရှိခဲ့ကြောင်း၊ တရုတ်-ရုရှားလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု သည် မြှင့်တင်နိုင်ဖွယ်ရာအလားအလာအများကြီးရှိနေသေးကြောင်း ပြောကြားသည်။

ပူတင်က ရုရှား-တရုတ်အဆင့်မြင့်ခေါင်းဆောင်တို့သည် အချိန်မှန်မှန်တွေ့ဆုံခြင်းသည် အလွန်အရေးကြီးပြီး မကြာခင်မှာကျင်းပမည့် ဂျီ-၂၀ အုပ်စု ဗျူနိုအေရီးစ်ထိပ်သီးအစည်းအဝေးအတွင်း ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် ထပ်မံတွေ့ဆုံနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio