• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ ၁၀ လအတွင်း တရုတ် ပြည်တွင်း ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှု မှန်မှန် တိုးတက်လာ

(GMT+08:00) 2018-11-16 10:13:03

တရုတ် အစိုးရမှ ယခုလ ၁၅ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ၊ ယခုနှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၇့ ၆၆ ဘီလီယံကို အသုံးပြုပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့ ၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ နိုင်ငံခြား၌ ငွေကြေး မဟုတ်သော နယ်ပယ်များ၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၉့ ၅၇ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၃့ ၈ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းရရှိပါသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက၊ ယခုနှစ် ပထမ ၁၀ လအတွင်း ကုန်ထုတ်လုပ်မှု နယ်ပယ်တွင် နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု အသုံးပြုမှု ပမာဏမှာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၂့ ၎ ရာခိုင်နှုန်း တိုးလာပြီး အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှု နယ်ပယ်တွင် နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ဒေါ်လာ ၇၃့ ၇၈ ဘီလီယံကို အသုံးပြုပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၃၀ ရာခိုင်နှုန်း တိုးများလာကြောင်း ယမန်နေ့က ပြောကြားပါသည်။

   Webradio