• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးများ ကျင်းပပြီးစီး

(GMT+08:00) 2018-11-16 09:31:09

၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးများကို ယခုလ ၁၅ ရက်နေ့က စင်ကာပူ၌ ကျင်းပပြီးစီး ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ပိတ်ပွဲအခမ်းအနား၌ အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက၊ အာဆီယံ နိုင်ငံများသည် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်လက် အားသစ်လောင်းပေးမည် ဖြစ်ပြီး အာဆီယံ၏ တံခါးဖွင့်ရေးနှင့် သက်ညှာ ထောက်ထားရေးကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အစည်းအဝေးများတွင် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးသည် အစည်းအဝေး တက်ရောက်သူများ၏ အဓိက အာရုံစူးစိုက်ရာ ဖြစ်လာကြောင်း သိရပါသည်။

   Webradio