• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာမယ့်နှစ်မှာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုနိုင်ဖို့ အာရှ ပစိဖိတ် နိုင်ငံများ ကြိုးပမ်းနေ

(GMT+08:00) 2018-11-16 09:22:10

ပြီးခဲ့တဲ့ တစ်နှစ်တုန်းက အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယမှ ခေါင်းဆောင်တို့ဟာ မနီလာမြို့မှာ ပထမ အကြိမ် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ် RCEP ဆိုင်ရာ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို ကျင်းပပြီး ပူးတွဲ ကြေညာစာတမ်းကို ထုတ်ပြန် ခဲ့ပါတယ်။ တစ်နှစ် ပြီးနောက် မကြာခင်က စင်ကာပူမှာ ကျင်းပတဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမှာ RCEP ဆိုင်ရာ ခေါင်းဆောင်များက၊ RCEP ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုမှာ လိုရင်းသဘောကျတဲ့ တိုးတက်မှု ရရှိပြီ ဖြစ်ပြီး နောက်ဆုံး စေ့စပ် ဆွေးနွေးရေး အဆင့်ကာလသို့ ဝင်ရောက်နေကာ ဘက်အသီးသီးတို့ဟာ ၂၀၁၉ ခုနှစ်မှာ RCEP ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုကို ပြီးအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းမှာ ဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူကြပါတယ်။

မျက်မှောက် ကမ္ဘာကြီးမှာ တစ်ဖက်သတ်ဝါဒ၊ ဂလိုဘယ်လိုက်ဇေးရှင်း ကျောခိုင်း ဖေါက်ဖျက်မှုနဲ့ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွါး ကာကွယ်မှုတို့ အကြိမ်ကြိမ် ဦးမော့ လာနေတဲ့ အခြေအနေမှာ၊ RCEP စာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲဟာ အရေးကြီး အဓိပ္ပါယ် ပါရှိပါတယ်။

RCEP စာချုပ် ချုပ်ဆိုင်ခြင်းဟာ လူဦးရေ သန်း ၃၅၀၀ လောက် အကျိုး စီးပွါး ခံစား စေနိုင်မှာ ဖြစ်ပြီး အဲဒါဟာ ကမ္ဘာ့ စုစုပေါင်း လူဦးရေရဲ့ တစ်ဝက်ကျော် ဖြစ်ပါတယ်။ စာချုပ် ချုပ်ဆိုပြီးနောက် ကမ္ဘာပေါ်မှာ အကျယ်အဝန်း အကြီးကျယ်သော လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တစ်ရပ် ဖြစ်တည်လာမှာ ဖြစ်ပြီး ဂျီဒီပီ စုစုပေါင်း ပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၂၅၀၀ ကျော် ရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် RCEP စာချုပ် ချုပ်ဆိုခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဆန္ဒများနဲ့ သွေးစည်းညီညွတ်တဲ့ အာရှနိုင်ငံများရဲ့ ကမ္ဘာ့ စီးပွါးရေးအပေါ် အကျိုးပြု စွမ်းဆောင်မှုကို လည်း ပေါ်လွင်လာစေပါတယ်။

   Webradio