• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၆ ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီးများ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန်၊ ပါပူဝါနယူးဂီနီ၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံများတွင်တရားဝင် ခရီးလှည့်လည်ရန်နှင့် ပါပူဝါနယူးဂီနီ၌ တရုတ်နှင့် သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ပစိဖိတ်သမုဒ္ဒရာ ကျွန်းဆွယ်နိုင်ငံများမှ ခေါင်းဆောင် တို့နှင့် တွေ့ဆုံဆွေးနွေးရန် ရှီကျင့်ဖိန်သည် ပီကင်းမှ ထွက်ခွာ

(GMT+08:00) 2018-11-15 16:29:28

       ပါပူဝါနယူးဂီနီ ဘုရင်ခံချုပ် Bob Dadae ၊ ဝန်ကြီးချုပ် Peter Oneil ဘရူနိုင်းနိုင်ငံ ထိပ်သီးခေါင်းဆောင် Haji Hassanal Bolkiah နှင့် ဖိလစ်ပိုင်သမ္မတ ဒူတာတယ်တို့၏ ဖိတ်ကြားချက်အရ အဆိုပါ ၃ နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန်၊ ပါပူဝါနယူးဂီနီ၌ တရုတ်နှင့် သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံများမှ ခေါင်းဆောင် တို့နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ် Peter Oneil၏ ဖိတ်ကြားချက်အရ ပါပူဝါနယူးဂီနီ Moresby ဆိပ်ကမ်း၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ၂၆ ကြိမ်မြောက် ထိပ်သီးများ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၁၅ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ပီကင်းမြို့မှ ထွက်ခွာသွားကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio