• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစ္စရေးနိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

(GMT+08:00) 2018-11-15 15:53:18

      အစ္စရေးနိုင်ငံတော်ကာကွယ်ရေးဝန်ကြီး လီဘယ်မန်သည်၊ ယခုလ ၁၄ ရက်နေ့က လွတ်တော်၌ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ၊ မိမိသည်၊ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

လီဘယ်မန်က၊ အစ္စရေးအစိုးရအနေနှင့်၊ ပါလက်စတိုင်း အစ္စလမ်ခုခံရေး ဟာမတ်စ် အဖွဲ့အား ခုခံတိုက်ခိုက်ရန် တောင့်တင်းသော အင်အားမရှိကြောင်း၊ ဝန်ကြီးချုပ် နယ်တာညာဟူးအနေနှင့်၊ ဟာမတ်စ်အဖွဲ့နှင့် ရေရှည်အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခြင်းမှာ အကြမ်းဖက်မှုအား အညံ့ခံသော လုပ်ရပ်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio