• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားအား "အရေးယူမှုလျှော့ချရေး"ဆိုင်ရာ ပြဿနာနှင့် ပတ်သက်၍ တောင်ကိုးရီးယား-ရုရား ခေါင်းဆောင်များတွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-11-15 12:37:12

တောင်ကိုးရီးယားသမ္မတ မူဂျေအင် နှင့် ရုရှားသမ္မတ ပူတင်တို့သည် စင်္ကာပူ၌ တွေ့ဆုံခဲ့ရာတွင် မြောက်ကိုးရီးယားအား "အရေးယူမှုလျှော့ချရေး"ဆိုင်ရာ ပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ တောင်ကိုးရီးယား သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၁၄ရက်နေ့က စင်္ကာပူ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တဆင့်တိုးအားဖြည့်ဆောင်ရွက်မည်ဟု ဖော်ပြကြောင်း သတင်းရရှိပါသည်။

   Webradio