• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို ရုရှား အလေးထားဟု ပူတင် ဆို

(GMT+08:00) 2018-11-15 12:36:41

အပြန်အလှန်လေးစားခြင်း နှင့် တစ်ဖက်သား၏ အကျိုးစီးပွားကို စဉ်းစားပေးခြင်းကို အခြေခံပြီး အာဆီယံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို ရုရှားနိုင်ငံ အလေးထားကြောင်း၊ နိုဝင်ဘာလ ၁၄ရက်နေ့က ရုရှားသမ္မတ ပူတင်က ပြောကြားခဲပသည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။

ရုရှား-အာဆီယံ စီးပွားရေးဆက်ဆံမှုသည် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ နှစ်ဖက် တို့သည် စက်မှုလုပ်ငန်း၊ အဆင့်မြင့် သိပ္ပံနည်းပညာ၊ စွမ်းအင် နှင့် လယ်ယာစိုက်ပျိုးရေး အပါအဝင် နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ရုရှားနှင့် အာဆီယံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်ကို အောင်မြင်စွာ ဖော်ဆောင်နေကြောင်း ပူတင်က စင်္ကာပူနိုင်ငံ ရုရှား-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရာတွင် ပြောကြားခဲ့ပါသည်။

   Webradio