• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ်နိုင်ငံတကာရဲများသေနတ်ပစ်ပြိုင်ပွဲကို ကွမ်တုန်းပြည်နယ်ဖိုဆန်းမြို့၌ကျင်းပ

(GMT+08:00) 2018-11-15 11:29:45

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာရဲများအားကစားအဖွဲ့ချုပ်တို့ ဦးစီးကျင်းပသော ဒုတိယအကြိမ် ကမ္ဘာ့ရဲများသေနတ်ပစ်ပြိုင်ပွဲကို ယခုလ ၁၄ ရက်နေ့ညက ကွမ်တုန်းပြည်နယ် ဖိုဆန်းမြို့၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ယင်းသည် တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ယင်းနိုင်ငံတကာပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအမြဲတမ်းဒုဝန်ကြီး ဝမ်ရှောင်ဟုန်၊ နိုင်ငံတကာရဲများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌအယ်လ် ဆာဘားဟ်တို့သည် အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

နိုင်ငံနှင့်ဒေသ ၆၈ ခုမှ ကိုယ်စားလှယ်အဖွဲ့ ၆၉ ဖွဲ့တို့သည် ယင်းပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတို့သည်လည်း ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး ပြိုင်ပွဲပါဝင်ခဲ့သည်ဟု သိရသည်။

   Webradio