• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဆက်လက် ချီတက်ရန် အဆက်မပြတ် တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-11-15 10:09:51

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို ပြုပြင်ပြောင်းလဲရေး ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက ဗဟို ပြုပြင်ပြောင်းလဲရေး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးကော်မတီ ပဉ္စမ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်သည့် နှစ် ၄၀ ပြည့် အထိမ်းအမှတ် ပြုရာ၌၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက် အဖြစ်ထားပြီး၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဖြစ်စဉ်၌ မွန်မြတ်သော အတွေ့အကြုံများကို ပေါင်းရုံး သုံးသက်ကာ၊ ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါး ဖွင့်ရေးလုပ်ငန် ဆက်လက် ချီတက်ရန် အဆက်မပြတ် တွန်းအားပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

   Webradio