• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ လက်တွဲပြီး ၂၀၃၀ သို့ ချီတက်ကြစို့

(GMT+08:00) 2018-11-15 09:26:42

၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို ဒီလေ ၁၄ ရက်နေ့က စင်ကာပူမှာ ကျင်းပခဲ့ပါတယ်။ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နဲ့ အာဆီယံ နိုင်ငံမှ ခေါင်းဆောင်တို့ဟာ တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ၂၀၃၀ မျှော်မှန်းချက် စာတမ်းကို ဆွေးနွေး အတည်ပြုခဲ့ပါတယ်။ တရုတ် နိုင်ငံဟာ ပထမ ဦးဆုံးသော အာဆီယံနဲ့ တာလတ် တာရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ချမှတ်တဲ့ ဆွေးနွေးရေး မိတ်ဖက် နိုင်ငံ ဖြစ်လာပါတယ်။ အဲဒါဟာ တရုတ်နဲ့ အာဆီယံတို့ "၁၀ နှစ်တာ ရွှေကာလ"နဲ့ မျက်မှောက် "၁၀ နှစ်တာ စိန်ကာလ" ဖြတ်သန်းပြီးနောက် နောက်ထပ် တစ်ကြိမ် ခရီးသစ် စတင်တာကို ပြသနေပါတယ်။

စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ တလျှောက်လုံး ဆိုသလို တရုတ်- အာဆီယံ ဆက်ဆံမှုမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ဖြစ်ပြီး နှစ်ဖက်တို့ တူညီသော စောင့်မျှော်ချက်နဲ့ ယုံကြည်စိတ်ရှိရာလည်း ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်က တရုတ်နဲ့ အာဆီယံ တို့ဟာ ဘက်စုံ စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး မူဘောင် သဘောတူစာချုပ်ကို ချုပ်ဆို ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်ကလည်း တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို တည်ထောင် ခဲ့ပြီးနောက်၊ ၂၀၁၇ ခုနှစ် ရောက်တဲ့အခါ၊ တရုတ်နဲ့ အာဆီယံ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၅၁၄့ ၈၂ ဘီလီယံ အထိ တိုးလာကာ ပြီးခဲ့တဲ့ ၁၅ နှစ်က ပမာဏရဲ့ ၆့ ၆ ဆ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ၉ နှစ်ဆက်တိုက် ဖြစ်လာပြီး အာဆီယံကလည်း တရုတ်နိုင်ငံရဲ့ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ၇ နှစ် ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။

တရုတ်နဲ့ အာဆီယံတို့ဟာ တလျှောက်လုံး ဆိုသလို လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ နိုင်ငံစုံဝါဒကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်နေပါတယ်။ တရုတ်နိုင်ငံဟာ အပြန်အလှန် အကျိုးရှိစေရေးမူကို စွဲကိုင်ပြီး လမ်းကြောင်းမျိုးစုံနဲ့ အာဆီယံ နိုင်ငံများအား တရုတ် ဈေးကွက်ကို တံခါးဖွင့်နေပါတယ်။

တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့တဲ့ ၁၅ နှစ် အတွင်း၊ နိုင်ငံတကာနဲ့ဒေသ အခြေအနေများ ရှုပ်ထွေးပွေလီစွာ ပြောင်းလဲမှုများ ဖြစ်ပွါး ခဲ့ပေမယ့်၊ နှစ်ဖက်တို့အကြား နိုင်ငံရေး ဆွေးနွေးမှု၊ စီးပွါးကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ လုံခြုံရေး စတဲ့ နယ်ပယ်များမှာ ပူးပေါင်းဆောင်ရွက်မှုဟာ အစဉ်တစိုက် တိုးတက်လာနေပါတယ်။

၂၀၃၀ ပြည့်နှစ် ရောက်တဲ့အခါ အာဆီယံဟာ ကမ္ဘာ့ စတုတ္ထ အကြီးဆုံး စီးပွါးရေး အုပ်စု ဖြစ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ တရုတ်-အာဆီယံ ချစ်ကြည်ရေး တိုးမြှင့်ခြင်းဟာ တရုတ်နဲ့ အာဆီယံတို့ နိုင်ငံတကာနဲ့ ဒေသရေးရာများမှာ ပိုမို အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လာစေနိုင်မယ်လို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြပါတယ်။

   Webradio