• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် နယူးဇီလန် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-11-15 08:52:31

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ၌ နယူးဇီလန် ဝန်ကြီးချုပ် အာဒေအင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် လီခေ့ချန်က၊ တရုတ်-နယူးဇီလန် ဆက်ဆံမှု မှန်မှန် တိုးတက် လာနေကြောင်း၊ တရုတ်နှင့် နယူးဇီလန် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်သည် တရုတ်နှင့် ဖွံ့ဖြိုးပြီးနိုင်ငံ အကြား ရရှိသည့် ပထမဆုံးသော လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ် ဖြစ်ကြောင်း၊ မျက်မှောက် နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွါးရေး အခြေအနေမျိုးတွင် တရုတ်နိုင်ငံသည် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု စာချုပ် အမြန်ဆုံး ရရှိနိုင်ရန် ဘက်အသီးသီးတို့နှင့် တွန်းအားပေး ဆောင်ရွက်လိုပါကြောင်း ပြောကြားပါသည်။

ဝန်ကြီးချုပ် အာဒေအင်ကလည်း၊ နယူးဇီလန်သည် တရုတ်ပြည်နှင့် ဆက်ဆံမှုကို လွန်စွာ အလေးထားကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုးရလဒ် များစွာ ရရှိပြီး  "ပထမ" များစွာကို ရရှိပြီ ဖြစ်ကာ နှစ်ဖက်စလုံး အကျိုးရရှိစေခဲ့ကြောင်း၊ နယူးဇီလန်သည် နိုင်ငံစုံ ရေးရာများ၌ တရုတ်ပြည်နှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်လိုပါကြောင်း ပြောကြားပါသည်။

   Webradio