• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်

(GMT+08:00) 2018-11-15 08:27:07

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းက စင်ကာပူ အစည်းအဝေးစင်တာ၌ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးနှင့် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိသည့် ၁၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ပြီး၊ ဝန်ကြီးချုပ် လီခေ့ချန်နှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လွန်းတို့သည် အစည်းအဝေးကို ပူးတွဲ ကြီးမှူးကျင်းပခဲ့ပါသည်။

လီခေ့ချန်က၊ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း တရုတ်-အာဆီယံတို့သည် ကဏ္ဍစုံ၊ အဆင့် ပေါင်းစုံနှင့် နယ်ပယ် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ပြီး၊ မဟာဗျူဟာမြောက် အနက်သဘောမှာ အဆက်မပြတ် နက်ရှိုင်း ကြွယ်ဝလာကာ၊ အပြန်အလှန် အကျိုးရှိစေရေး အခြေအနေသစ်ကို ဖန်တီးခဲ့ကြောင်း၊ မိမိတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား  အကြီးဆုံးသော လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ကို တည်ဆောက်ပြီး အဆင့်မြှင့်တင်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အရည်အချင်းမှာ အဆက်မပြတ် တိုးမြင့်လာကြောင်း၊ မိမိတို့သည် သဘောကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်းရန် စံနာမူနာကောင်းကို ထူပြပြီး တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာ စာတမ်းကို ဘက်စုံ ထိရောက်စွာ ဖေါ်ဆောင်ကာ တောင်ပင်လယ်ဒေသ တည်ငြိမ်မှုကို ထိန်းသိမ်း ထားကြောင်း ပြောကြားပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် အာဆီယံတို့သည် အပြန်အလှန် လေးစားရေး၊ သဘောတူညီမှုကို ရှာကြံပြီး သဘောကွဲလွဲမှုကို ဖယ်ရှားရေးကို အစဉ်တစိုက် စွဲကိုင်ကြောင်း၊ တံခါးဖွင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် စွဲကိုင်ပါကြောင်း၊ အပြန်အလှန် သက်ညှာထောက်ထားရေးနှင့် အပြန်အလှန် အတုယူရေးကို အစဉ်တစိုက် စွဲကိုင်ပါကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံ အသိုက်အဝန်း တည်ထောင်ရေးကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း ပြောကြားပါသည်။

လီခေ့ချန်က၊ မျက်မှောက်အခြေအနေတွင် တရုတ်နှင့် အာဆီယံတို့သည် ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး ပိုမို နက်ရှိုင်းလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အရည်အချင်း ပိုမို မြင့်မားသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို လက်တွဲ တည်ထောင်ရမည် ဖြစ်ကြောင်း၊ ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် အာဆီယံတို့သည် မဟာဗျူဟာ စီမံကိန်းများကို အားသစ်လောင်းပေး ရမည် ဖြစ်ကြောင်း၊ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို လက်နက်စွာ တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေး နယ်ပယ်သစ်ကို မွေးထုတ် ထူထောင်ရမည် ဖြစ်ကြောင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျောရိုးမဏ္ဍိုင်များ ပိုမို ခိုင်ခံ့အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ကို အတည်ပြုပြီး၊ သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ကာ၊ ၂၀၁၉ ခုနှစ်ကို မီဒီယာ ကူးလူးဖလှယ်ရေးနှစ် အဖြစ် သတ်မှတ်ထားကြောင်း ကြေညာပါသည်။

   Webradio