• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၁၀၈ခုနှစ်တရုတ်သစ်တောခရီးသွားလုပ်ငန်း ပွဲတော်ကျင်းပမည် 

(GMT+08:00) 2018-11-14 15:43:48

ယခုလ ၁၃ရက်နေ့က တရုတ်နိုင်ငံကွမ်ကျိုးမြို့တွင် ကျင်းပသောသတင်းရှင်းလင်းပွဲမှ သတင်းအရ ၂၁၀၈ခုနှစ်တရုတ်သစ်တောခရီးသွားလုပ်ငန်းပွဲတော်ကို လာမည့်လ ၁၆ရက်မှ ၁၈ရက်အထိ ကွမ်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

 ယင်းပွဲတော်ကို ကျင်းပစဉ်အတွင်း တရုတ်-အာဆီယံသစ်တောခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံအသီးသီးမှ သစ်တောလုပ်ငန်း စီမံအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများသည် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံးများ မျှဝေ၍ ပူးပေါင်းဆောင်ရွက်မှုရှေ့အလားအလာများကို ဆွေးနွေးဖလှယ်မည်ဖြစ်ကြောင်း၊ Belt&Roadအဆိုပြုချက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် တရုတ်သစ်တောခရီးသွားလုပ်ငန်းပွဲတော်၏ သြဇာညောင်းမှု ကျယ်ပြန့်လာအောင် ကြိုးပမ်းမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio