• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး နိုင်ငံအသီးသီးတို့၏ အပြုသဘောဆောင်သော အကဲဖြတ်မှုကို တရုတ် ကျေးဇူးတင်ရှိကြောင်း ဖော်ပြ

(GMT+08:00) 2018-11-14 14:59:24

        ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နိုင်ငံအလိုက် လူ့အခွင့်အရေးအခြေအနေ စိစစ်ရေး လုပ်ငန်းအဖွဲ့သည် မကြာခင်ရက်များက တိတယအကြိမ် လူ့အခွင့်အရေး စိစစ်မှုကို တရုတ်လက်ခံခြင်းဆိုင်ရာ အစီရင်ခံစာကို အတည်ပြခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်ယဉ်က တရုတ်ပြည်ဘက်သည် ယင်းအစီရင်ခံစာထဲမှ သက်ဆိုင်ရာအကြံပြုချက်များကို လွန်စွာ အလေးထားပြီး နိုင်ငံအများစုမှ ကိုယ်စားလှယ်များ၏ အပြုသဘောဆောင်သော အကဲဖြတ်မှု၊ တရုတ်ပြည်အပေါ် နားလည်မှုနှင့် ထောက်ခံမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ပြည်ဘက်သည် ယင်းအစီရင်ခံစာကို သေချာ နက်ရှိုင်းစွာ လေ့လာမည်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် လူ့အခွင့်အရေးကောင်စီ ယင်းအစီရင်ခံစာကို ပြန်လည် စိစစ်မည့်အချိန်တွင် တရုတ်ပြည်ဘက်သည် ထင်မြင်ယူဆချက်များကို ပြန်လည် တင်ပြမည်ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio