• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-စင်ကာပူနှစ်ဖက်တို့သည် လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ပြတ်ပြတ်သားသား ထောက်ခံ

(GMT+08:00) 2018-11-14 14:59:00

        ယခုလ ၁၂ ရက်နေ့က တရုတ်နှင့် စင်ကာပူနှစ်နိုင်ငံတို့သည် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ရေး ရိုတိုကိုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်ယဉ်က အဆိုပါ စာချုပ်ချုပ်ဆိုခဲ့ခြင်းသည် တရုတ်-စင်ကာပူ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ ဖွံ့ဖြိုးနိုင်စွမ်းကို တစ်ဆင့်တိုးဖော်ဆောင်ပြီး စီးပွားရေး ပမာဏ လွန်စွာ ကွာခြားသော နိုင်ငံများအကြား တန်းတူညီမျှစွာ အပြန်အလှန် အကျိုးရရှိစေသော ပူးပေါင်းဆောင်ရွက်မှု စံပြကို ထူထောင်ကာ တရုတ်-စင်ကာပူနှစ်ဖက်တို့၏ လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် စီးပွားရေး ဂလိုဘိုလိုင်ဇေးရှင်းကို ပြတ်ပြတ်သားသား ထောက်ခံသော စိတ်နေသဘောထားနှင့် သန္နိဌာန်ကို ပြသထားကြောင်း ယခုလ ၃ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio