• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှပစိဖိတ်အာကာသပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်သည့်၁၀နှစ်ပြည့်အထိမ်းအမှတ်အစည်းအဝေးသို့ ရှီကျင့်ဖိန်ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00) 2018-11-14 14:40:05

အာရှပစိဖိတ်အာကာသပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်သည့်၁၀နှစ်ပြည့် အထိမ်းအမှတ်အစည်းအဝေးကို ယနေ့ ၁၄ ရက်နေ့က ဘေကျင်း၌ ဖွင့်လှစ်သည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က အထိမ်းအမှတ်အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ယင်းဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က အာရှပစိဖိတ်အာကာသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံအသီးသီးနှင့်အတူ အာကာသ စူးစမ်းလေ့လာရေး၊ အာကာသနည်းပညာဖေါ်ထုတ်ရေး၊ အာကာသနည်းပညာအသုံးပြုရေး စသည့်နယ်ပယ်တွင် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေခဲ့ကြောင်း ပြောကြားသည်။

   Webradio