• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-စင်္ကာပူကွမ်ကျိုးမြို့ပညာဗဟုသုတဇုံသည် နိုင်ငံတော်အဆင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းဖြစ်လာ

(GMT+08:00) 2018-11-14 14:30:59

ကွမ်ကျိုးမြို့ဖွံ့ဖြိုးရေးဇုန်ရှိ တရုတ်-စင်္ကာပူကွမ်ကျိုးမြို့ပညာဗဟုသုတဇုန်သည် တရုတ်နှင့် စင်္ကာပူနှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း ဖြစ်လာကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

တရုတ်-စင်္ကာပူကွမ်ကျိုးမြို့ပညာဗဟုသုတဇုန် တဆင့်တိုး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ၁၂ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တရားဝင်ချုပ်ဆို ခဲ့ကြောင်း၊ စာချုပ်အရ နှစ်ဖက်တို့က သပ္ပံနည်းပညာဆန်းသစ်တီထွင်ရေး၊ အဆင့်မြင့် ကုန်ထုတ်လုပ်ရေး၊ AI၊ ပညာမူပိုင်ခွင့်ထိန်းသိမ်းကာကွယ်ရေး၊ စမတ်မြို့ပြတည်ဆောက်ရေး နှင့် မြို့ပြစီမံအုပ်ချုပ်မှု အဆင့်မြှင့်တင်ရေး စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများ ကို တက်ကြွစွာ တွန်းအားပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio