• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ စင်ကာပူစက်မှုကုန်သွယ်ရေးလောကမှ ကျင်းပသည့် ကြိုဆိုခြင်း ညစာ စားပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား

(GMT+08:00) 2018-11-14 11:34:41

      တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက်နေ့ညက စင်ကာပူ စက်မှုကုန်သွယ်ရေးလောကနှင့် တရုတ်ကုန်သည်များအသင်း ချုပ်တို့မှ ပူးတွဲကျင်းပသည့် ကြိုဆိုခြင်း ညစာစားပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာ၌ လီခေ့ချန်က လွန်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်ပြည်သည်၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးဖြင့် အပြောင်းလဲကြီးပြောင်းလဲ လာခဲ့ကြောင်း၊ စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးမှုသည်လည်း၊ အောင်မြင်မှုသစ် အဆက်မပြတ်ရရှိပြီး၊ "စင်ကာပူအံ့ဖွယ်များ"ကို ဖန်တီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လီခေ့ချန်က လက်ရှိနိုင်ငံတကာ ပတ်ဝန်းကျင်သည်၊ အပြောင်းလဲကြီး ပြောင်းလဲလျက်ရှိပြီး၊ တရုတ်စီးပွားရေးသည်လည်း၊ တိုးတက်မှုလျှော့ကျသည့် ဖိအားနှင့် ရင်ဆိုင်လျက်ရှိကြောင်း သို့သော်တရုတ်ပြည်အနေနှင့်၊ ယင်းအခြေအနေနှင့် ရင်ဆိုင်ရန် စွမ်းအားရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio