• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အာရှ ပစိဖိတ် ခရီးစဉ် စတင် တော့မည်

(GMT+08:00) 2018-11-14 09:57:52

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ၊ ယခုလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ အထိ၊ ပါပူဝါနယူးဂီနီ၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်သို့ ခရီးလှည့်လည်မည် ဖြစ်ပြီး ပါပူဝါနယူးဂီနီ နိုင်ငံတွင် တရုတ်ပြည်နှင့် သံအဆက်အသွယ် ထားရှိသော ပစိဖိတ် ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ ယင်းအတောအတွင်း ရှီကျင့်ဖိန်သည် ပါပူဝါနီးဂီနီ၌ ကျင်းပသော အေပက်အဖွဲ့ ၂၆ ကြိမ်မြောက် ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

၂၀၁၄ ခုနှစ်က ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖီဂျီနိုင်ငံတွင် တရုတ်နိုင်ငံနှင့် သံအဆက်အသွယ် ထားရှိသော ပစိဖိတ်ကျွန်းနိုင်ငံ ၈ နိုင်ငံနှင့် သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးပွဲကို ပြုလုပ်ပြီး နှစ်ဖက်တို့သည် အပြန်အလှန် လေးစားပြီး အကျိုးတူ ဖွံ့ဖြိုး တိုးတက်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

   Webradio