• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာ ဆက်ဆံမှု အရှိန်ကောင်းမွန်စွာ တိုးတက် နေသည်ဟု မြန်မာ သမ္မတ၏ နိုင်ငံရေး ထိပ်တန်း အတိုင်ပင်ခံဟောင်း ဆို

(GMT+08:00) 2018-11-14 09:43:40

အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများကို ယခုလ ၁၃ ရက်နေ့က စင်ကာပူ၌ ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်၊ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံများစွာမှ ခေါင်းဆောင်များသည် ယခု အကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ မျက်မှောက်အချိန်တွင် တရုတ်-မြန်မာ ဆက်ဆံမှုမှာ အရှိန် ကောင်းမွန်စွာ တိုးတက်နေပြီး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် များစွာတွင် ထိုးဖေါက် တိုးတက်မှုများ ရရှိပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ သုတေသန ဗဟိုဌာန ဥက္ကဋ္ဌ၊ သမ္မတ၏ နိုင်ငံရေး ထိပ်တန်း အတိုင်ပင်ခံဟောင်း ဦးကိုကိုလှိုင်က၊ ယခုနှစ်များတွင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် အပြန်အလှန် အကျိုး ရှိစေရေးကို ဖေါ်ဆောင်ပြီး၊ တရုတ်နိုင်ငံသည် အကယ်စင်စစ်သော မိတ်ဆွေပင် ဖြစ်သည်ဟု နားလည်သိရှိသော မြန်မာပြည်သူလူထု တစ်နေ့ထက်တစ်နေ့ များလာ နေကြောင်း စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဦးကိုကိုလှိုင်က၊ Belt and Road ကမ်းလှမ်းချက်သည် နှစ်နိုင်ငံစလုံး အတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် Belt and Road ကမ်းလှမ်းချက် အတွက် ထူးခြားသော အခန်းကဏ္ဍ ပိုင်ဆိုင်ပါကြောင်း ပြောကြားပါသည်။

   Webradio