• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်လူမျိုးဟာ နိုင်ငံတော်ရဲ့ အနာဂတ်ရေး အပေါ် အကောင်းဘက်မှ ရှုမြင်လို

(GMT+08:00) 2018-11-14 09:30:12

ဗြိတိန် နိုင်ငံ စီးပွါးရေး တတ်သိပညာရှင်များ အဖွဲ့က ထုတ်ပြန်တဲ့ နိုင်ငံ ၅၀ ကျော်မှ နိုင်ငံသားများကို ရည်စူးပြီး ပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှု ရလဒ် တစ်ရပ် အရ၊ တရုတ် နိုင်ငံသား ၉၁့ ၎ ရာခိုင်နှုန်းဟာ နိုင်ငံတော်ရဲ့ အနာဂတ်ရေး အပေါ် အကောင်းဘက်မှု ရှုမြင် လိုကြတယ်လို့ သိရပါတယ်။ စစ်တမ်းကောက်ယူမှု ခံရတဲ့ တရုတ် လူမျိုးများက၊ လာမယ့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံဟာ ဆက်လက် ဖွံ့ဖြိုးတိုးတက်သွားမှာ ဖြစ်ပြီး ပိုမို သာယာ လှပသော လူ့ဘောင်အဖွဲ့အစည်းသို့ ဆက်လက် ချီတက်သွားမယ်လို့ ယူဆကြပါတယ်။

တရုတ်လူမျိုးရဲ့ အနာဂတ်ရေးအပေါ် အကောင်းဘက်မှ ရှုမြင်လိုတဲ့ အကြောင်းရပ် တစ်ခု ကတော့ ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း တရုတ်ပြည် စီးပွါးရေး မြန်မြန် မှန်မှန် တိုးတက် လာခြင်း ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်က တရုတ်ပြည် ဂျီဒီပီဟာ ယွမ် ၃၆၇့ ၉ ဘီလီယံသာ ရှိပြီး ၂၀၁၇ ခုနှစ်မှာ ကတော့ ယွမ် ဘီလီယံ ၈ သောင်းကျော် အထိ တိုးမြင့်လာကာ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းဟာ ၉့ ၅ ရာခိုင်နှုန်း ရှိပါတယ်။

တရုတ်လူမျိုးရဲ့ အနာဂတ်ရေးအပေါ် အကောင်းဘက်မှ ရှုမြင်လိုတဲ့ ဒုတိယ အကြောင်းရပ်ဟာ ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း တရုတ်နိုင်ငံဟာ အရည်အသွေး မြင့်မားပြီး ပြေပြစ်သင့်မြတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အဆက်မပြတ် စူးစမ်းလေ့လာနေခဲ့ခြင်း ဖြစ်ပါတယ်။ တရုတ် ပြည်သူပြည်သားများရဲ့ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေဟာ နှစ်ပေါင်း ၄၀ အတွင်း ၂၂့ ၈ ဆလောက် တိုးမြင့်လာပါတယ်။

တတိယ အကြောင်းရပ်ကတော့ နိုင်ငံတော် စီမံခန့်ခွဲရေး အရည်အချင်း အဆက်မပြတ် တိုးတက်ခြင်း ဖြစ်ပါတယ်။ နှစ် ၄၀ ကြာ စူးစမ်း လေ့လာ ဆောင်ရွက် ခဲ့ပြီးနောက်၊ ဆန်းသစ်ရေး၊ မြစိမ်းရောင်၊ သင့်မြတ်ဖေါ်ရွေရေး၊ တံခါးဖွင့်ရေးနဲ့ အတူ မျှဝေရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ဟာ ထွန်းကားလာနေပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်ပြည် စီးပွါးရေးဟာ အသင့်အတင့် လျင်မြန်စွာ တိုးတက် လာတဲ့ တစ်ချိန်တည်းမှာ ကာဗွန်ဓါတ်ငွေ ထုတ်လွှတ်မှုကိုလည်း တန်ချိန် သန်း ၄၁၀၀ ခန့် လျှော့ချ ခဲ့တယ်လို့ စာရင်းအရ သိရပါသည်။

   Webradio