• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် စင်ကာပူဟောပြောပွဲ၌ မိန့်ခွန်းပြောကြား

(GMT+08:00) 2018-11-14 09:18:55

   ဒေသစံတော်ချိန် နိုဝင်ဘာ ၁၃ ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူဟောပြောပွဲ၌ တံခါးဖွင့်ရောနှောပူးပေါင်းခြင်းတွင် စည်ပင်သာယာရေးကို အတူဖန်တီး၊ အတူခံစားကြစို့ခေါင်းစဉ်ဖြင့် မိန့်ခွန်းကို ပြောကြားပြီး မေးမြန်းချက်ကိုလည်း ဖြေကြားခဲ့သည်။ စင်ကာပူဝန်ကြီးချုပ်လီရှိန်လွန်းက ဟောပြောပွဲတက်ရောက်ပြီး ဒုဝန်ကြီးချုပ်တယ်ချီဟန်က ကြီးမှူးကျင်းပခဲ့သည်။

      လီခေ့ချန်က မျက်မှောက် တရုတ်-စင်ကာပူဆက်ဆံရေးသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ပြီး လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုများကို ဆက်တိုက် နက်ရှိုင်းစွာ တွန်းအားပေးနေကြောင်း၊ ၂၀၁၅ခုနှစ်က ဥက္ကဋ္ဌရှီကျင့်ဖိန်သည် စင်ကာပူနိုင်ငံသို့ ခရီးလှည့်လည်ရာတွင် နှစ်နိုင်ငံသည် အချိန်နှင့်တစ်ပြေးညီဖြစ်သော ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ထောင် ခဲ့ကြောင်း၊ တရုတ်နိုင်ငံ တံခါးဖွင့် ပြုပြင်ပြောင်းလဲသည့် နှစ် ၄၀ အတွင်း စင်ကာပူအလွှာပေါင်းစုံတို့ သည် ယင်းဖြစ်စဉ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အကျိုးအတူရှိစေရေးကို အကောင်အထည်ဖေါ်ခဲ့ကြောင်း၊ မိမိ၏ ယခုအကြိမ်ခရီးစဉ်သည် စင်ကာပူဘက်နှင့်အတူ အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ပြီး သဘောတူညီချက်ကို စုစည်းကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ၍ တရုတ်-စင်ကာပူဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးရန်ပင် ဖြစ်ကြောင်း ပြောကြားသည်။

      လီခေ့ချန်က လက်ရှိအချိန်တွင် နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေးအခြေအနေရှုပ်ထွေးပြီး မတည်ငြိမ်သော အကြောင်းအရာ များပြားလာကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံစုံဝါဒကို ပြတ်သားစွာကျင့်သုံးရမည်ဖြစ်ပြီး  အပြန်အလှန်လေးစားရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံကြီးငယ်မရွေး အားလုံးတန်းတူရည်တူဖြစ်ရေးမူကို စွဲကိုင်ရမည်ဖြစ်ကာ တစ်ကမ္ဘာလုံးဆိုင်ရာကိစ္စများကို နိုင်ငံအားလုံး ညှိနှိုင်းပြီး ဆောင်ရွက်ကာ ငြိမ်းချမ်းစွာ ညှိနှိုင်းခြင်းဖြင့် သဘောကွဲလွဲမှုကို ဖြေရှင်းခြင်းကို စွဲကိုင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံကြောင်း ပြောကြားသည်။

     လီခေ့ချန်က မိမိ၏ ယခုအကြိမ်စင်ကာပူခရီးစဉ်တွင် အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေး  ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်နှင့် အာဆီယံဆက်ဆံရေး တဆင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမည်ဟု ပြောကြားသည်။

    လီခေ့ချန်သည် ဧည့်သည်တော်များ၏ တရုတ်-စင်ကာပူဆက်ဆံရေး၊ ဆန်းသစ်တီထွင်ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-အမေရိကန်ဆက်ဆံရေး၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု စသည့်မေးမြန်းချက်များကိုလည်း ဖြေကြားခဲ့ပါသည်။ ယခုအကြိမ် စင်ကာပူ ဟောပြောပွဲကို ယူစိုးဖ် အီရှာ အရှေ့တောင်အာရှသုတေသနဌာနက ကြီးမှူးကျင်းပပြီး Business China က တွဲဖက်ကျင်းပခြင်းဖြစ်သည်။

   Webradio