• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး စင်ကာပူ၌ ဖွင့်လှစ်

(GMT+08:00) 2018-11-14 09:00:49

၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ယခုလ ၁၃ ရက်နေ့က စင်ကာပူ၌ ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံအသီးသီးမှ ခေါင်းဆောင်တို့သည် "ခိုင်ခံ့ခြင်းနှင့် ဆန်းသစ်ခြင်း" ဆောင်ပုဒ်ကို ဝိုင်းဝန်းပြီး နိုင်ငံစုံဝါဒ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အတွင်း အာဆီယံ တပြေးညီ ဖြစ်ရေးနှင့် အသိုက်အဝန်း တည်ထောင်ရေးတို့ကို တွန်းအားပေးရန် ဆွေးနွေး ရှာကြံခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းသည် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်း ပြောကြားပြီး နိုင်ငံစုံဝါဒ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်နှင့် ထိန်းသိမ်းရန် အရေးကြီးကြောင်းနှင့် အရေးတကြီး ဖြစ်ကြောင်းကို အလေးအနက် ဖေါ်ပြထားပါသည်။

   Webradio