• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာမည့် သုံးနှစ်အတွင် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ရေးမူ တိုင်ပင်ဆွေးနွေးမှု ပြီးအောင် လုပ်ဆောင်ရန် လီခေ့ချန် တင်ပြ

(GMT+08:00) 2018-11-14 08:49:50

ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် "စင်ကာပူ ဟောပြောပွဲ"၌ "တံခါးဖွင့် ရောနှော ပူးပေါင်း ဆောင်ရွက်ရာတွင် စည်ပင်သာယာမှုကို အတူ ဖန်တီး၊ အတူ မျှဝေခံစားကြစို့" ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့် လက်တွဲ ကြိုးပမ်းပြီး၊ ဒေသတွင်း ဘက်စုံ စီးပွါးရေး မဟာမိတ် ဆက်ဆံမှု သဘောတူစာချုပ် RCEP ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ အမြန်ဆုံး ပြီးမြောက်အောင် ပြုလုပ်နိုင်ရန် တွန်းအားပေးလိုပါကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲပြီး၊ တညီတညွတ်တည်း ညှိနှိုင်းသည့် အခြေခံပေါ်တွင်၊ လာမည့် သုံးနှစ်အတွင်း တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ရေးမူ ဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲကို ပြီးအောင် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလိုပါကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။

   Webradio