• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2018-11-13 13:47:00

     တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည်၊ ယခုလ ၁၂ ရက်နေ့က ပီကင်းတွင် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး မာ့စ်နှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ယန်ကျယ်ချီက နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာ လမ်းညွှန်မှုဖြင့်၊ တရုတ်-ဂျာမဏီဆက်ဆံမှုလျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း၊ တရုတ်- ဂျာမဏီဆက်ဆံမှု ဆက်တိုက်ဖွံ့ဖြိုးရေးသည်၊ နှစ်နိုင်ငံတို့၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက၊ နှစ်နိုင်ငံပြည်သူများ၏ အတူမျှော်မှန်းချက်လည်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မာ့စ်ကလည်း၊ တရုတ်ပြည်အနေနှင့်၊ ကမ္ဘာ့ရေးရာ၌ တစ်နေ့တခြားအရေးကြီးလာ သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဂျာမဏီ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရေးသည်၊ မဟာဗျူဟာမြောက် အဓိပ္ပါယ်ပါရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio