• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နိုင်ငံက CIIEတွင် တန်ဖိုးများပြားသောကုန်အမှာစာများစွာရရှိ

(GMT+08:00) 2018-11-13 13:09:16

ယခုလ ၁၂ရက်နေ့က ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနထုတ်ပြန်သည့် ကြေညာချက်တွင် ပထမအကြိမ်တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ(CIIE)၌ ဖိလစ်ပိုင်ကုမ္ပဏီများသည် အမေရိကန်ဒေါ်လာသန်း၁၀၀ကျော် တန်ဖိုးရှိကုန်အမှာစာများကို ရရှိပြီး လာမည့်နှစ်တွင်ကျင်းပမည့် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသို့ ပိုမိုများပြားသော ဖိလစ်ပိုင်ကုမ္ပဏီများတက်ရောက်ရန် ဖိလစ်ပိုင်အစိုးရစည်းရုံးလုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

 ကုန်စည်ပြပွဲတွင် ဖိလစ်ပိုင်မှ ထူးခြားချက်ပါရှိသော လယ်ယာထွက်ကုန်များသည်တရုတ်စားသုံးသူများ၏ ကြိုဆိုမှု ရရှိကြောင်း၊ယင်းသည်ဖိလစ်ပိုင်ကုန်မ္ပဏီများအတွက် ကြီးမားသောအောင်မြင်မှု ဖြစ်သည်ဟု ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးရာမွန် လောပေစ်က ပြောကြားခဲ့သည်။

   Webradio