• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် လီရှိန်လွန်း တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-11-13 09:26:53

        ဒေသစံတော်ချိန် ယခုလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူသမ္မတရုံး၌ စင်ကာပူဝန်ကြီးချုပ် လီရှိန်လွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် လီခေ့ချန်က စင်ကာပူသည် တရုတ်ပြည်၏ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနှင့် အရေးကြီးသော မိတ်ဘက်နိုင်ငံဖြစ်ပြီး တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးဖြစ်စဉ်တွင် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်ကြောင်း၊ နှစ်နိုင်ငံတို့သည် နိုင်ငံရေးဘက်တွင် အပြန်အလှန် ယုံကြည်စိတ်ခိုင်ခံ့ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ် များစွာ ရရှိကာ အရေးကြီးသော ကုန်သွယ်ဘက်နှင့် ရင်းနှီးမြှုပ်နှံဘက် ဖြစ်ကြကြောင်း၊ ၂၀၁၅ခုနှစ်က ဥက္ကဋ္ဌရှီကျင့်ဖိန် စင်ကာပူနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရာ၌ တရုတ်-စင်ကာပူနှစ်နိုင်ငံတို့သည် အချိန်နှင့်တစ်ပြေးညီဖြစ်သော ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်ဆက်ဆံမှုကို ထားရှိခဲ့ကြောင်း၊ တရုတ်ပြည်ဘက်သည် စင်ကာပူနိုင်ငံနှင့် ကူးလူးဖလှယ်မှုနှင့် ညှိနိုင်းဆွေးနွေးမှုကို တိုးမြှင့်ပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-စင်ကာပူ ဆက်ဆံမှု  အဆက်မပြတ်မြင့်တက်လာရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

        လီရှိန်လွန်းက စင်ကာပူ-တရုတ် ဆက်ဆံမှုသည် အရှိန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ နှစ်ဖက်တို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ သိပ္ပံနည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှု စသည့် နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ် များစွာ ရရှိပြီး အပြန်အလှန် အကျိုးရရှိခဲ့ကြောင်း၊ စင်ကာပူ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းသည် နှစ်နိုင်ငံလုပ်ငန်းကုမ္ပဏီများနှင့် ပြည်သူပြည်သားများအတွက် အကျိုးဆောင်ပေးပြီး နှစ်နိုင်ငံ စက်မှု ကုန်သွယ်မှု လောကအား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်ရေး တစ်ဆင့်တိုးချဲ့ရန် အချက်ပြနေကြောင်း ပြောကြားသည်။

        ယင်းတွေ့ဆုံဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ရှေ့မှောက်တွင် နှစ်ဖက် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ရေး၊ အပြန်အလှန် ဆက်သွယ်ရေး၊ ငွေကြေး၊ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနှင့် အကောက်ခွန်ဌာနစသည့် နယ်ပယ်များမှ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို ချုပ်ဆိုခဲ့ကြောင်း သတင်းရရိပါသည်။

   Webradio