• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သွင်းကုန် ကုန်စည်ပြပွဲနဲ့ (၁၁)လ (၁၁) ရက် ဈေးဝယ်ပွဲတော် ကနေ တရုတ်ပြည်ရဲ့ စားသုံးမှု အဆင့်မြှင့်တင်ရေးခေတ် မျှော်မှန်း

(GMT+08:00) 2018-11-13 09:21:53

မကြာခင်က ကျင်းပခဲ့တဲ့ တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲမှာ ပြည်တွင်း ပြည်ပ လုပ်ငန်းကုမ္ပဏီများဟာ အမေရိကန်ဒေါ်လာ ၅၇့ ၈၃ ဘီလီယံ တန်ဖိုးရှိ ကူးသန်းရောင်းဝယ်မှု ပြုလုပ်ဖို့ မူဘောင် စာချုပ်များကို ချုပ်ဆိုခဲ့ကြတယ်။ ဆက်လက်ပြီး ဒီလ ၁၁ ရက်နေ့ တရုတ် (၁၁)လ (၁၁) ရက် ဈေးဝယ်ပွဲတော်မှာလည်း နာမည်ကြီး ထျန်းမော အင်တာနက် ပလက်ဖေါင်း တစ်ခုမှာပဲ ကုန်စည် ရောင်းချမှု ပမာဏ ယွမ်ငွေ ၂၁၃့ ၅ ဘီလီယံ ရှိပြီး စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ် (၁၁)လ (၁၁) ရက် ဈေးဝယ်ပွဲတော်ဟာ နဂိုကတည်းက တစ်ကိုယ်တော်နေ့ ဖြစ်ပြီး ၁၀ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် နောက်ပိုင်းမှာ တစ်ကမ္ဘာလုံး ပါဝင်ကြတဲ့ အတိုင်းအတာ အကြီးမားဆုံးသော ဈေးဝယ်ပွဲတော် ဖြစ်လာပါတယ်။ ဈေးဝယ်ပွဲတော် ကာလအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ စားသုံးသူများဟာ အင်တာနက် LazadaDaraz စတဲ့ ပလက်ဖေါင်းတွေက တစ်ဆင့် တရုတ် စားသုံးသူများနဲ့အတူ ကုန်ပစ္စည်းများကို သူ့ထက်ငါဦး ဝယ်ယူကြပါတယ်။ တစ်ရက်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်း ဝယ်ယူမှု ပမာဏဟာ ယွမ် ဘီလီယံ ၂၀၀ ကျော် ရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ၊ တရုတ် (၁၁)လ (၁၁) ရက် ဈေးဝယ်ပွဲတော်မှာ ကုန်ပစ္စည်း ဝယ်ယူမှု ပမာဏဟာ အရင်တုန်းက ယွမ် ၅ ကုဋေ ရှိရာကနေ ယွမ် ကုဋေ ၂ သောင်း ၁၃၅၀ ကျော် အထိ  တိုးလာပါတယ်။ ကုန်ပစ္စည်း ကုန်တံဆိပ် အမျိုးအစားဟာလည်း အရင်တုန်းက ၂၇ ခုသာ ရှိရာကနေ ၁ သိန်း ၈ သောင်းကျော် အထိ တိုးလာပါတယ်။ လူကြိုက်များတဲ့ ကုန်ပစ္စည်းများဟာ အနွေးဓါတ် ပေးစက်၊ လေထု အစို ပေးစက် စတာတွေကနေ မြေပြင် သန့်ရှင်းရေးစက်၊ စမာ့ စကားပြန်စက် စတာတွေ အထိ အဆင့် တိုးမြှင့်လာပါတယ်။ အဲဒါဟာ တရုတ်လူမျိုးရဲ့ စားသုံးကုန်ပစ္စည်း အဆင့် မြှင့်တင် ပြောင်းလဲမှုနဲ့ တရုတ်ပြည် စီးပွါးရေးဟာ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတက်တက်မှုများကို ပေါ်လွင်လာစေပါတယ်။

သက်ဆိုင်ရာ စာရင်းအရ၊ ဒီနှစ် ပထမ ၉ လ အတွင်း တရုတ် ပြည်သူလူထုရဲ့ စားသုံးမှုဟာ စီးပွါးရေး တိုးတက်မှု အပေါ် အကျိုးပြုစွမ်းဆောင်မှုနှုန်းဟာ ၇၈ ရာခိုင်နှုန်း အထိ ရှိလာပြီး ပြီးခဲ့တဲ့နှစ် အလားတူအချိန်ပိုင်းကထက် ၁၄ ရာခိုင်နှုန်း တိုးမြင့်လာပါတယ်။ စားသုံးမှုဟာ တရုတ်ပြည် စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေးဆိုင်ရာ အရေးကြီး အထောက်အကူ ဖြစ်လာပါတယ်။ လာမယ့် ၁၅ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ သွင်းကုန်ပမာဏနဲ့ ဝန်ဆောင်မှုဆိုင်ရာ ကူးသန်းရောင်းဝယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၃ သောင်းကျော်နဲ့ ဘီလီယံ ၁ သောင်းကျော် အသီးသီး ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီလို တံခါးဖွင့်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဖြစ်စဉ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွါးရေး တိုးတက်ရေးဆိုင်ရာ အားကောင်းတဲ့ အင်ဂျင် ဖြစ်လာ နေပါတယ်။

   Webradio