• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတွင် အောင်မြင်မှုများရရှိရန် မျှော်လင့်သည်ဟု အာဆီယံအဖွဲ့ဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ရှီလျန်ဆို

(GMT+08:00) 2018-11-12 12:35:28

စင်္ကာပူဝန်ကြီးချုပ်လီရှိန်လွန်း၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီး ချုပ်လီခေ့ချန်က ယခုလ၁၂ ရက်နေ့မှ ၁၆ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည်ဖြစ်ပြီး ၂၁ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးများအစည်းအဝေး၊ ၂၁ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားထိပ်သီးအစည်းအဝေးနှင့် ၁၃ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

အဆီယံအဖွဲ့ဆိုင်ရာတရုတ်သံအမတ်ကြီး ဝမ်ရှီလျန်က စီအာအိုင်သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် တရုတ်-အာဆီယံ ထိပ်သီးများအစည်းအဝေးနှင့် တရုတ်-အာဆီယံ သံတမန်ဆက်သွယ်မှု ထားရှိခဲ့သည့် ၁၅နှစ်ပြည့် အထိမ်းအမှတ်အစည်းအဝေးကိုကျင်းပတော့မည်ဖြစ်ကြောင်း၊ ယခုအကြိမ်အစည်းအဝေး တွင် အောင်မြင်မှုရလဒ်များရရှိပြီး၊ နှစ်ဖက်အကြား မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု တစ်ဆင့်တိုးမြှင့် ရန်နှင့် ပိုမိုရင်းနှီးသော တရုတ်-အာဆီယံကံကြမ္မာ အသိုက်အဝန်း တည်ဆောက်သွားရန်မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio