• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် စင်ကာပူမီဒီယာ၌ ဆောင်းပါး ထုတ်ပြန်

(GMT+08:00) 2018-11-12 12:20:03

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၂ ရက်နေ့က စင်ကာပူ လျန်ဟိုကျော်ပို သတင်းစာ အပါအဝင် အဓိက မီဒီယာများ၌ "တံခါးဖွင့်ပြီး ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဆန်းသစ်ပြီး ဖွံ့ဖြိုးတိုးတက်ခြင်း၊ အနာဂတ်ရေးမှာ ပိုမို သာယာ လှပမည်" ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် စင်ကာပူတို့သည် ကူးလူးဆက်ဆံမှု ကောင်းမွန်ပြီး နယ်ပယ် အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုသည် မှန်မှန် တိုးတက်နေကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စင်ကာပူ၌ ခရီးလှည့်လည်ခဲ့စဉ်က နှစ်နိုင်ငံတို့သည် အချိန်နှင့် တပြေးညီ တိုးတက်သော ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့ကြောင်း၊ မိမိ၏ ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံ နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ရေးသား ဖေါ်ပြထားပါသည်။

   Webradio