• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် စင်ကာပူတို့သည်၊ Belt and Road ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြုလုပ်

(GMT+08:00) 2018-11-12 10:16:08

     စင်ကာပူနိုင်ငံသည်၊ တရုတ်ပြည်၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး၊ တရုတ်- စင်ကာပူသံတမန်ဆက်ဆံမှုထားရှိခဲ့သည့်နောက်ပိုင်းတွင် နှစ်ဖက်ဆက်ဆံမှုသည်၊ လျင်မြန် စွာ တိုးတက်လာခဲ့သည်။ ယခုလောလောဆယ်တွင် တရုတ်-စင်ကာပူဆက်ဆံမှုသည်၊ ဆက်တိုက်အရှိန်အဟုန်ကောင်းကောင်းဖြင့် တိုးတက်လျက်ရှိပြီး၊ လက်တွေ့ကျသော ပူးပေါင်း ဆောင်းရွက်မှုသည် အောင်ကျိုးရလဒ်များစွာရရှိခဲ့ကြောင်း၊ Belt and Road အတူ တည်ဆောက်ရေးသည်၊ နှစ်နိုင်ငံဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အခွင့်အလမ်းဖြစ်လာကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြ သည်။

သက်ဆိုင်ရာစာရင်းအရ တရုတ်ပြည်သည်၊ ၅ နှစ် ဆက်တိုက် စင်ကာပူ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး၊ စင်ကာပူသည်လည်း ၅ နှစ် ဆက်တိုက် တရုတ်ပြည် တွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုနိုင်ငံဖြစ်လာခဲ့ကြောင်း၊ ၂၀၁၇ခုနှစ် နှစ်ကုန်အထိ၊ စင်ကာပူမှ တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နံမှု စုစုပေါင်းပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀ ဖြစ်သကဲ့သို့၊ တရုတ်ပြည်မှ စင်ကာပူနိုင်ငံတွင် ရင်းနှီးမြှုပ်နံမှု စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆.၆ ဘီလီယံဖြစ်ကြောင်း သိရသည်။

 

   Webradio