• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ အေပက်အဖွဲ့ ၂၆ ကြိမ်မြောက်ထပ်သီးများအလွတ်သဘောအစည်းအဝေး သို့ တက်ရောက်မည်

(GMT+08:00) 2018-11-12 10:15:00

      ပါပူဝါနယူးဂီနီနိုင်ငံ ဘုရင်ခံချုပ်  Bob Dadae၊ ဝန်ကြီးချုပ် Peter Oneil၊ ဘရူနိုင်း နိုင်ငံထိပ်သီးခေါင်းဆောင် Hassanal နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတယ်တို့၏ ဖိတ်ကြားချက်အရ၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ၊ ယင်း ၃ နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်မည့်အပြင်၊ ပါပူဝါနယူးဂီနီနိုင်ငံတွင် တရုတ်နှင့် သံအဆက်အသွယ်ထားရှိသည့် ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံများမှ ခေါင်းဆောင် တို့နှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ပြီး၊ နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့၌ ပါပူဝါနယူးဂီနီ Moresby ဆိပ်ကမ်း၌ ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ၂၆ ကြိမ်မြောက် ထိပ်သီးများ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက် မည်ဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လို့ခန်းက ယခုလ ၁၂ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်အရသိရသည်။

 

   Webradio