• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများစွာ ရရှိ ခဲ့သည်ဟု ပညာရှင်ဆို

(GMT+08:00) 2018-11-12 09:53:17

အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုခေါင်းဆောင်များအစည်းအဝေးကို ယခုလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန် သည် ယနေ့ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ပြီး ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံခေါင်းဆောင်များအစည်းအဝေး၊ ၂၁ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားခေါင်းဆောင်များအစည်းအဝေးနှင့် ၁၃ ကြိမ် မြောက်အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။ အာဆီယံမှ သက်ဆိုင်ရာပညာရှင်များက တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သည့်နှစ် များအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့ပြီး နှစ်ဖက်တို့သည် နယ်ပယ်များစွာ၌ အရေးကြီးသော တိုးတက်မှု ရရှိခဲ့ကြောင်း၊ ထို့အပြင်၊ တစ်ဖတ်သတ်ဝါဒဦးမော့လာသည့်အချိန်တွင် တရုတ်နှင့် အာဆီယံနိုင်ငံအကြား တံခါးဖွင့်မှုကို စွဲကိုင်နိုင်ပြီး လွတ်လပ်စွာ ကုန်သွယ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်ခြင်းသည် တန်ဖိုးရှိပါကြောင်း ပြောကြားသည်။

   Webradio