• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနိုင်ငံများသည် Belt & Road ကမ်းလှမ်းချက် နှင့်ကောင်းမွန်စွာဆက်သွယ်နိုင်ကြောင်းထိုင်းပညာရှင်ဆို

(GMT+08:00) 2018-11-11 11:12:52

အရှေ့အာရှခေါင်းဆောင်များအစည်းအဝေးကို စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ယခုနှစ်သည် တရုတ်-အာဆီယံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးတည် ထောင်သည့် ၁၅ နှစ်ပြည့်မြောက်နှစ်လည်း ဖြစ်သည်။ ထိုင်းနိုင်ငံ ထိုင်း-တရုတ် မဟာဗျူဟာသုတေသနစင်တာမှ ဒုတိယဥက္ကဋ္ဌချိုင်ယာစစ်သည် မကြာခင်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နှင့် အာဆီယံနိုင်ငံ များ နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေး၊ ယဉ်ကျေးမှုဘက်မှ ကူးလူးဖလှယ်မှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို မြင့်မားစွာ ချီးကျူးခဲ့သည်။ သူက အာဆီယံနိုင်ငံများသည် ပထဝီအားသာချက်သိသာထင်ရှားပြီး Belt & Road ကမ်းလှမ်းချက် နှင့်ကောင်းမွန်စွာဆက်သွယ်နိုင်ကြောင်းပြောကြားသည်ဟု စီအာအိုင်သတင်းအရသိရသည်။

   Webradio