• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝေ့ဖုန်ဟိုသည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2018-11-10 10:36:43

တရုတ် နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေး ဝန်ကြီး ဝေ့ဖုန့်ဟိုသည် ယခုလ ၉ ရက်နေ့ ညနေပိုင်းက ဝါရှင်တန်မြို့၌ အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ္စနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝေ့ဖုန့်ဟိုက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ထရန့်တို့ ရရှိသော အရေးကြီး သဘောတူညီမှုများသည် တရုတ်-အမေရိကန် ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ လမ်းညွှန်ချက် ဖြစ်ကြောင်း၊ နှစ်ဖက်တို့ အနေနှင့် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ၏ သဘောတူညီမှုများကို ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ပြီး၊ အငြင်းပွါးမှုနှင့် ရန်ငြိုးထားမှု မဖြစ်ပွါးအောင်နှင့် အပြန်အလှန် လေးစားပြီး ပူးပေါင်းဆောင်ရွက်လာအောင် တက်ကြွစွာ ကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

မာတစ္စကလည်း၊ အပြုသဘောဆောင်သော နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံမှု တိုးတက်ရေးမှာ အမေရိကန်ပြည်ဘက်၏ အစဉ်တစိုက်သော ရည်မှန်းချက် ဖြစ်ကြောင်း ပြောကြားပါသည်။

နှစ်ဖက်တို့သည် တောင်ပင်လယ် ပြဿနာ၊ ထိုင်ဝမ် ပြဿနာ စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီးလည်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio