• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် တရုတ်နိုင်ငံက တတိယအကြိမ် နိုင်ငံ အလိုက် လူ့အခွင့်အရေး စိစစ်ရေး အစည်းအဝေးတွင် ပါဝင်ရန် အစီရင်ခံစာကို အတည်ပြု

(GMT+08:00) 2018-11-10 09:23:13

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ယခုလ ၉ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့၌ အစည်းအဝေး ကျင်းပပြီး၊ တရုတ်နိုင်ငံက တတိယ အကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်ရေး အစည်းအဝေးတွင် ပါဝင်ရန် အစီရင်ခံစာကို တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း၊ တရုတ် ကိုယ်စားလှယ်အဖွဲ့ ဒုဥက္ကဋ္ဌ၊ ဂျနီဗာရှိ တရုတ် အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ယူကျန့်ဟွာနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး လက်ထောင် ကျမ်းကျွင်းတို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းသည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံက တတိယ အကြိမ် အဖြစ် စိစစ်ရေး အစည်းအဝေးတွင် ပါဝင်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အစည်းအဝေးသို့ နိုင်ငံတော် လူ့အခွင့်အရေး အစီရင်ခံစာကို တင်ပြပြီး လူ့အခွင့်အရေး ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းကာကွယ်ရေးနယ်ပယ်တွင် တရုတ်နိုင်ငံ ရရှိသော တိုးတက် အောင်မြင်မှုများကို ဘက်စုံ ရှင်းလင်း ပြောကြားသည့်အပြင် လူ့အခွင့်အရေး နယ်ပယ်တွင် ကျင့်သုံးမည့် ဆောင်ရွက်ချက် အရပ် ၃၀ ကိုလည်း ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။

စိစစ်ရေး အစည်းအဝေးတွင် နိုင်ငံ ၁၂၀ ကျော်တို့သည် လူ့အခွင့်အရေး ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်တွင် တရုတ်ပြည် ရရှိသော ကြီးမားသည့် အောင်မြင်မှုများကို အတည်ပြု ချီးကျူးခဲ့ကြောင်း သိရပါသည်။

   Webradio