• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပဉ္စမ အကြိမ် နိုင်ငံတကာ အင်တာနက် အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2018-11-10 09:05:08

၃ ရက်ကြာ ကျင်းပသော ပဉ္စမ အကြိမ် နိုင်ငံတကာ အင်တာနက် အစည်းအဝေးကို ယခုလ ၉ ရက်နေ့က တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူကျင့်မြို့၌ ကျင်းပ ပြီးစီးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ပိတ်ပွဲအခမ်းအနားတွင် တရုတ် နိုင်ငံတော် အင်တာနက် သတင်းအချက်အလက် ရေးရာရုံး ဥက္ကဋ္ဌ ကျွမ်ရုံဝင်က၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို လွန်စွာ အလေးထားပြီး၊ အပြန်အလှန် ယုံကြည်ပြီး အတူ စီမံခန့်ခွဲသော ဒီဂျစ်တယ် ကမ္ဘာကြီး ဖန်တီးရေးနှင့် အင်တာနက် ကံကြမ္မာ အသိုက်အဝန်း လက်တွဲ တည်ထောင်ရေးနှင့် ပတ်သက်ပြီးလည်း အရေးကြီး အမြင်သဘောထားကို ဖေါ်ပြကာ အစည်းအဝေး တက်ရောက်သူများနှင့် နိုင်ငံတကာ မိသားစုကြီးမှ တုံ့ပြန် သဘောတူညီမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိကြောင်း ပြောကြားပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် "၂၀၁၈ ခုနှစ် တရုတ် အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ""နိုင်ငံတကာ အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ"နှင့် "ဝူကျင့် ၂၀၁၈ မျှော်မှန်းချက်" အပါအဝင် စာတမ်းများကို ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

   Webradio