• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် နိုင်ငံတော် မီးသတ် ကယ်ဆယ်ရေးအဖွဲ့အား အလံ အပ်နှင်း၊ မိန့်ခွန်း ပြောကြား

(GMT+08:00) 2018-11-09 16:22:22

     တရုတ် နိုင်ငံတော် မီးသတ် ကယ်ဆယ်ရေးအဖွဲ့အား အလံ အပ်နှင်းပွဲ အခမ်းအနားကို ယခုလ ၉ ရက်နေ့က ပီကင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မီးသတ် ကယ်ဆယ်ရေးအဖွဲ့အား အလံ အပ်နှင်းပေးပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ နိုင်ငံတော် မီးသတ် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်း တည်ထောင်ခြင်းသည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက နိုင်ငံတော် စီမံခန့်ခွဲရေး စည်းစနစ်နှင့် စီမံခန့်ခွဲစွမ်းအား ခေတ်မီရေးနှင့် လိုက်လျောညီထွေ ဖြစ်ပြီး ချမှတ်သော မဟာဗျူဟာ စီမံ ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ခေတ်သစ်တွင် နိုင်ငံတော်၏ အရေးပေါ် ကယ်ဆယ်ရေးစနစ် တည်ထောင်ရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်မှု ဖြစ်ကြောင်း၊ ဘေးအန္တရာယ်များ ကယ်ဆယ် ခုခံ စွမ်းအား တိုးမြှင့်ရေး၊ ရပ်ရွာ လုံခြုံ တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် ပြည်သူလူထုများ၏ အသက် စည်းစိမ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် လွန်စွာ အရေးကြီးကြောင်း မှာကြားခဲ့ပါသည်။

အလံ အပ်နှင်းပွဲ အခမ်းအနားတွင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး ဝမ်ဟုနင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီက နိုင်ငံတော် မီးသတ် ကယ်ဆယ်ရေးအဖွဲ့အား "တရုတ် မီးသတ် ကယ်ဆယ်ရေးအဖွဲ့" အလံကို အပ်နှင်းရန် ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ပါသည်။ ဒုဝန်ကြီးချုပ် ဟန်ကျင့်သည် အထက်ပါ အခမ်းအနားကို ကြီးမှူး ကျင်းပခဲ့ပါသည်။

 

   Webradio