• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန်ဆက်ဆံမှုနှင့် ပတ်သက်၍ ဝမ်ယိ ပြောဆို

(GMT+08:00) 2018-11-09 14:25:55

     တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၈ ရက်နေ့ က ပီကင်းတွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပေအိန်နှင့် ပဉ္စမအကြိမ် တရုတ်- သြစတြေးလျသံတမန်ရေးနှင့် မဟာဗျူဟာဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက်၊ သတင်းထောက် များနှင့် တွေ့ဆုံခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။

သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ၌ ဝမ်ယိက အမေရိကန်၏ အလယ်အလတ် ရွေးကောက်ပွဲသည်၊ အမေရိကန်၏ ပြည်တွင်းရေးကိစ္စဖြစ်ပြီး၊ တရုတ်ပြည်အနေနှင့်၊ မည်သည့်ချိန်​​မှ​​ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ပြောကြာခဲ့သည်။

ဝမ်ယိက၊ တရုတ်-အမေရိကန်ဆက်ဆံမှု၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးရှိပြီး၊ အတူမျှဝေခံစားခြင်းဖြစ်ကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ အာဂျင်တီးနားနိုင်ငံ၌ ကျင်းပမည့် ဂျီ-၂၀ အုပ်စုခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအတောအတွင်း သမ္မတ ထရန့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပြေားကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio