• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျောက်ဖြူရေနက်ဆိပ်ကမ်းလုပ်ငန်းမူဘောင်သဘောတူညီချက်ကို တရုတ်၊မြန်မာ ချုပ်ဆို

(GMT+08:00) 2018-11-09 14:18:35

တရုတ်၊မြန်မာ နှစ်ဖက်ကိုယ်စားလှယ်တို့သည် နိုဝင်ဘာလ ၈ရက်နေ့က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းလုပ်ငန်း မူဘောင်သဘောတူညီချက်ကို ချုပ်ဆိုခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဟုန်လျန်က ကျောက်ဖြူ အထူး စီးပွားရေးဇုန်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးကြီး လုပ်ငန်းဖြစ်ပြီး မြန်မာ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း၊ တရုတ်၊မြန်မာ နှစ်ဖက်တို့၏ ကြိုးပမ်းဆောင်ရွက်မှုခြင့် ယင်းလုပ်ငန်းသည် အောင်မြင်မှုရရှိပြီး မြန်မာ ပြည်သူလူထုအား အကျိုးဆောင်ပေးမည်ဟု မျှော်လင့် ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio