• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ ကျူးဘားနိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးများကွန်ဖရင့် ဥက္ကဋ္ဌ ဒီအာဇ် ကာနယ်လ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-11-09 12:22:10

      တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၈ ရက်နေ့ ညနေပိုင်း က ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်နေသော ကျူးဘားနိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးများကွန်ဖရင့် ဥက္ကဋ္ဌ ဒီအာဇ် ကာနယ်လ်နှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရ သည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ၊ လီခေ့ချန်က တရုတ်-ကျူးဘားချစ်ကြည်ရေးအစဉ်အလာသည်၊ နက်ရှိုင်းကြံ့ခိုင်ပြီး၊ နှစ်နိုင်ငံတို့သည်၊ အစဉ်တစိုက် အပြန်အလှန် ယုံကြည်ပြီး၊ အပြန်အလှန် ထောက်ခံကြကြောင်း၊ တရုတ်ပြည်အနေနှင့်၊ အစဉ်တစိုက်ပွင့်လင်းသော သဘောဖြင့် တရုတ်၊ ကျူးဘားနယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။

ဒီအာဇ် ကာနယ်လ်ကလည်း၊ တရုတ်နိုင်ငံသည်၊ ကျူးဘားပြည်သူများ၏ မိတ်ဆွေ ကောင်းဖြစ်ကြောင်း၊ ကျူးဘားပြည်သူများသည်၊ တရုတ်ပြည်သူများ အပေါ် လေးစားမှုနှင့် သံယောဇဉ်အပြည့်အဝရှိကြပြီး၊ ကျူးဘားနိုင်ငံအား တရုတ်ပြည်မှ ရေရှည်အားပေး ထောက်ခံခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြာခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio