• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် စင်ကာပူသို့ ခရီးလှည့်လည်မည်

(GMT+08:00) 2018-11-09 09:52:03

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လုံး၏ ဖိတ်ကြားချက်အရ၊ ယခုလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ စင်ကာပူ၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ပြီး၊ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ ၂၁ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေးနှင့် ၁၃ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး လက်ထောက် ချင်ရှောင်တုန်းက၊ ယခုအကြိမ် ခရီးစဉ်သည် ယခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် တရုတ်နှင့် အိမ်နီးချင်း နိုင်ငံတို့၏ အရေးကြီး သံတမန်ရေး ဆောင်ရွက်မှု တစ်ရပ် ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့က ပြောကြားပါသည်။

ယခုနှစ်များအတွင်း တရုတ်နှင့် စင်ကာပူတို့၏ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုတွင် အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်ကစပြီး တရုတ်နိုင်ငံသည် စင်ကာပူ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ၅ နှစ် ဆက်တိုက် ဖြစ်လာနိုင်ခဲ့ကြောင်း၊ မျက်မှောက်ကာလ၌ နှစ်နိုင်ငံတို့သည် အပြန်အလှန် ဆက်သွယ်ရေး၊ ငွေကြေး ထောက်ပံ့ရေးနှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ပူးပေါင်း ဆောင်ရွက်ရေး ပလက်ဖေါင်းကြီး သုံးခုကို လျင်မြန်စွာ တည်ဆောက်နေကြောင်း သတင်းရရှိပါသည်။

   Webradio