• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်၏ စင်ကာပူ ခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

(GMT+08:00) 2018-11-09 09:38:33

ယခုလ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်၏ စင်ကာပူ ခရီးစဉ်နှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး တက်ရောက်မည့် အကြောင်းနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး လက်ထောက် ချင်ရှောင်တုန်းက၊ ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လုံး၏ ဖိတ်ကြားချက်အရ၊ ယခုလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ စင်ကာပူ၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ပြီး၊ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ ၂၁ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေးနှင့် ၁၃ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

   Webradio